Wednesday, June 22, 2016

မြန်မာနိုင်ငံ၌ Viber အသုံးပြုသူ ၂၆ သန်းရှိ


မြန်မာနိုင်ငံ၌ Viber အသုံးပြုသူ ၂၆ သန်းရှိ

မြန်မာနိုင်ငံတွင် Viber အသုံးပြုသူပေါင်း ၂၆ သန်းသို့ရောက်ရှိခဲ့ပြီဖြစ်ကြောင်း Viber က သတင်း ထုတ်ပြန်လိုက်သည်။
Viber အသုံးပြုသူ တိုးတက်မှုနှုန်းသည် ၂၀၁၅ ခုနှစ် ဇွန်လနှင့် နှိုင်းယှဉ်ပါက တစ်နှစ်တာအတွင်း ၂၀၀ ရာခိုင်နှုန်း မြင့်တက်လာခဲ့ခြင်းလည်း ဖြစ်သည်။ ၂၀၁၅ ခုနှစ်တွင် အသုံးပြုသူအရေအတွက် ၁၃ သန်း သာရှိခဲ့သော Viber သည် တစ်နှစ်တာအတွင်း မြန်မာနိုင်ငံ၌ အသုံးပြုသူ အမြောက်အမြားကို ပိုင်ဆိုင်ခဲ့ခြင်း ဖြစ်သည်

Viber ၏ ထုတ်ပြန်ချက်အရ ၂၀၁၁ ခုနှစ် ဖေဖော်ဝါရီလတွင် အသုံးပြုသူအရေအတွက် ၃ ဦးသာရှိခဲ့ပြီး ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလတွင် အသုံးပြုသူ ၂၁၁၅ ဦး ရှိခဲ့သည်ဟု သိရသည်။ "သမိုင်းမှတ်တိုင် တစ်ခုကို စိုက်ထူနိုင်ခဲ့ကြောင်း ကြေညာနိုင်တာ အရမ်းကျေနပ်မိတယ်။ မြန်မာပြည်သူတွေ အနေနဲ့ Viber ကို နေ့စဉ်ဘ၀မှာ အစိတ်အပိုင်းတစ်ခုအနေနဲ့ အမာခံသုံးစွဲခဲ့ကြတဲ့ အတွက် အထူးကျေးဇူးတင် ပါတယ်" ဟု Viber ၏ အရှေ့တောင်အာရှဆိုင်ရာဌာနေမန်နေဂျာ Crystal Lee က ဆိုသည်။
Viber သည် လက်ရှိအချိန်၌ စတေကာအသစ်များ၊ ၀န်ဆောင်မှုအသစ်များကို အသုံးပြုသူများ နှင့် မိတ်ဆက်ပေးနိုင်ရန် လုပ်ကိုင်ဆောင်ရွက်နေပြီး BackUP & Restore Chat History ၀န်ဆောင်မှုများ ၊ Hidden Chats ၀န်ဆောင်မှုများကို အသစ်ထွက် Viber ဗားရှင်းတွင် ပေးအပ်ခဲ့သည်။
အဆိုပါဝန်ဆောင်မှုများသည် မိမိ၏အသုံးပြုသည့် အချက်အလက်များကို အခြားသူများ မမြင်ကွယ်အောင် ၀ှက်ပေးထားခြင်းနှင့် မိမိအသုံးပြုခဲ့သည့် Chat Message များကို ပြန်လည်ရှာဖွေ နိုင်ခြင်း စသည့်အကျိုးကျေးဇူးများကို ရရှိနိုင်မည်ဖြစ်သည်။
banner
Previous Post
Next Post

0 comments: