လိုနေတာက လုံးဝကိုပျောက်ဆုံးသွားတဲ့ ကစားကွင်းတွေကို လိုနေတာပါ
ပြည်သူလူထု၏ ကျန်းမာရေး အတွက် လိုအပ်သော နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားများ မွေးထုတ်ပေး နိုင်ခဲ့သော အားကစားကွင်းများ၊ အခ ကြေးငွေမပေးရဘဲအပန်းဖြေနိုင်သော ပန်းခြံများ ပျောက်ကွယ်ခဲ့ရခြင်းနှင့် ပတ် သက်၍ ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေ သကြီးလွှတ်တော်၊ ဇွန် ၁၄ ရက်အစည်း အဝေးတွင် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးရန်အောင်က ကြယ်ပွင့် ပြမေးခွန်းအဖြစ် ဆွေးနွေးမေးမြန်းခဲ့ ကြောင်း သိရသည်။
ပြည်သူအများစုပိုင်ဆိုင်သည့်နေရာ များမှာ လူနည်းစုအကျိုးစီးပွားအတွက် နေရာများဖြစ်ခဲ့ကြောင်း၊ လူနည်းစုချမ်း သာကြွယ်ဝရန်အတွက် လူများစု၏ ဘ၀ များ၊ ပိုင်ဆိုင်မှုများ ထိခိုက်ပျက်စီးခဲ့ရ ကြောင်း၊ ဓမ္မကို အဓမ္မကအနိုင်ကျင့် ဗိုလ်ကျခဲ့ကြသည့် ကာလဆိုးကို ဖြတ် သန်းခဲ့ရကြောင်း ဦးရန်အောင်က ဆွေး နွေးမေးမြန်းခဲ့ခြင်း ဖြစ်သည်။
““အားလုံးသိထားပြီးဖြစ်တဲ့အတိုင်း ကျွန်တော်တို့တိုင်းပြည်ဟာ ကိုလိုနီကျွန် ဘ၀နဲ့ နှစ်ရာချီနေခဲ့ဖူးပါတယ်။ ထုံးစံ အတိုင်း သူတို့တစ်တွေရဲ့ အကျိုးစီးပွားကို အဓိကထား နယ်ချဲ့ခဲ့ကြပေမဲ့ ဆိုးကွက် တွေ အများကြီးရှိခဲ့သလို ကောင်းကွက် အချို့လည်း ရှိခဲ့ပါတယ်။ နယ်ချဲ့ကျူး ကျော်သူတွေဖြစ်လင့်ကစား သူတို့ကျွန်ပြု တဲ့နိုင်ငံအပေါ်သူတို့စိတ်ကြိုက် လုပ်ချင် သလိုလုပ်လို့ရပေမဲ့ တချို့ကိစ်္စတွေမှာ လူ သားဂုဏ်သိက္ခာရှိစွာ ပြုမူဆောင်ရွက်ခဲ့ ကြပါတယ်။ ဥပမာ-ရွှေတိဂုံဘုရားကြီးရဲ့ မြင်ကွင်းကို ပိတ်ဆို့တာမျိုး မဖြစ်စေရန် ဘုရားပတ်ဝန်းကျင်နေရာများမှာ ပန်းခြံ များနဲ့ လုံးချင်းအိမ်ရာစနစ်မျိုးကို ဖန်တီး ခဲ့ကြပါတယ်။ ဘုရားမြင်ကွင်းကို ထိရှနိုင် တဲ့ အထပ်မြင့်တိုက်တာအဆောက်အအုံ များ လုံးဝမပြုလုပ်ခဲ့ကြပါဘူး။ ဒါ့အပြင် အားကစားကွင်းများ၊ ပန်းခြံများကိုလည်း စနစ်တကျဖန်တီးတည်ဆောက်ခဲ့ကြပါ တယ်။ နိုင်ငံသူ၊ နိုင်ငံသားများဟာ သူတို့ တွေကို အုပ်ချုပ်ခဲ့တဲ့အစိုးရဟာ ဘယ် လောက်လူသားဆန်ကြောင်း နိုင်ငံတော် နဲ့ လူမျိုးအတွက် လူ့ဂုဏ်သိက်္ခာနဲ့အညီ နေထိုင်ပြုမူနိုင်အောင် ဘယ်လိုဆောင် ရွက်ခဲ့ကြောင်း၊ နိုင်ငံတော်ကြီးကို ဘယ် လိုချစ်မြတ်နိုးစွာနဲ့ ဘယ်လိုစောင့်ရှောက် ခဲ့ကြကြောင်း၊ နိုင်ငံတော်ဘဏ္ဍာငွေတွေ ကို လူထုအတွက်စနစ်တကျ ဘယ်လို စီမံခန့်ခွဲခဲ့ကြောင်း၊ အစိုးရဟာ ကမ်္ဘာ့ အလယ်မှာ မြန်မာဟေ့လို့ ကြွေးကြော် နိုင်အောင် ဘယ်လိုဖန်တီးခဲ့ကြကြောင်း အစဉ်အမြဲပြောဆိုချင်ကြပြီး အမြတ်တ နိုးဂုဏ်ယူချင်သူတွေဖြစ်ပါတယ်””ဟု ဦး ရန်အောင်က ဆွေးနွေးခဲ့သည်။
ဦးရန်အောင်က ဖျက်သိမ်းခံခဲ့ရ သော လူထုပိုင်ဆိုင်သည့် Public Area များ၊ မင်္ဂတောင်ညွန့်မြို့နယ် သိမ်ဖြူကွင်း၊ တောင်ဥက်္ကလာ၊ မြောက်ဥက်္ကလာပန်းခြံ များတွင် ပုဂ်္ဂလိကအဆောက်အအုံများ တည်ဆောက်နေမှုများကို ဥပမာပေးတင် ပြခဲ့ပြီး လှိုင်သာယာမြို့နယ်မှ အင်ဂလိုင် ကွင်း အမှတ် ၃၇၅ လယ်မြေများတွင် အဆောက်အအုံများဆောက်လုပ်မှုကို လည်း ထည့်သွင်းဆွေးနွေးခဲ့သည်။ ရန် ကုန်တိုင်းအစိုးရအဖွဲ့အနေဖြင့် အား ကစားကွင်းများ၊ ပန်းခြံများကို တိုးတက် ဖြစ်တည်လာရန် အကောင်အထည်ဖော် မည့်အစီအစဉ်ရှိမရှိ မေးမြန်းခဲ့ခြင်းဖြစ် သည်။
မီဒီယာတွင် သတင်းထွက်ပေါ်ခဲ့ သည့် ပျောက်ဆုံးနေသာ အားကစား ကွင်း ၉ ခု ပြန်လည်ဖော်ဆောင်ရန်ကိစ်္စ အပေါ် လေ့လာသူများက မြက်ရိုင်းချုံ နွယ်တို့ ဖုံးနေသည့်ကွင်းဟောင်းများကို ပြန်လည်ဖော်ဆောင်မည်လား၊ အပြီးတိုင် ဆုံးရှုံးခဲ့ရသည့်ကွင်းများကို ပြန်လည်ရယူ မည်လားဟု ဝေဖန်ခဲ့ကြသည်။
““သုဝဏ္ဏ ကမာကြည်လမ်းနဲ့ သံသု မာလမ်းထောင့်မှာ အဆင့်မီမိုးလုံလေလုံ ဇာတ်ရုံကြီးပါတဲ့ ကွင်းကြီးတစ်ခုရှိခဲ့ဖူး တယ်။ ဇာတ်၊ အငြိမ့်၊ ဟောပြောပွဲ၊ ဘော လုံးပြိုင်ပွဲတွေနဲ့ သင်္ကြန်ဆိုရင် အလှကား ပေါင်းစုံလာပြိုင်တဲ့၊ တစ်မြို့လုံးလာကြည့် တဲ့နေရာ။ အဲဒါကြီးကိုဖျက်ပြီး လုံးချင်း အိမ်အလုံးနှစ်ဆယ်၊ သုံးဆယ်ဆောက် လိုက်တာ။အလားတူ အခြားမြို့နယ်နဲ့ ရပ်ကွက်တွေမှာ အများကြီးရှိသေးတယ်။ အခုအစိုးရက ပြန်ဖော်ပေးမယ့် ပျောက် ဆုံးနေတဲ့ ကွင်းတွေဆိုတာ ဘယ်လို ကွင်းလဲ။ မြက်တွေချုံနွယ်တွေ ဖုံးနေတဲ့ ကွင်း၊ ချိုင့်တွေနဲ့ ကျင်းတွေဖြစ်နေတဲ့ ကွင်းကို ပြန်ဖော်ပေးမှာလား၊ ကွင်းပေါ် မှာ လူနေအဆောက်အအုံတွေရောက် နေတာကို ပြန်ဖော်ပေးမှာလား၊ ပြည်သူ တွေက ရှင်းရှင်းလင်းလင်းသိချင်တယ်။ မြက်ဖုံးနေတာကို ရှင်းပေးမှာမျိုးကတော့ ရပ်ကွက်ထဲက ပရဟိတလူငယ်တွေ လုပ် လိုက်ရုံနဲ့ ရပါတယ်။ လွှတ်တော်ထဲအထိ ရောက်စရာမလိုပါဘူး။ လိုနေတာက လုံး ၀ကိုပျောက်ဆုံးသွားတဲ့ ကွင်းတွေကိုလို နေတာပါ””ဟု နိုင်ငံရေးဆောင်းပါးများ ရေးသားလေ့ရှိသူ သိုးထိန်း(မြန်မာပြည် သား)က ပြောကြားခဲ့သည်။
0 comments: