Wednesday, June 22, 2016

ဓမ္မစေတီခေါင်းလောင်းနှင့် နဂါးကြီး ပြန်လာပြီ

ဓမ္မစေတီခေါင်းလောင်းနှင့် နဂါးကြီး ပြန်လာပြီ

  
    နတ်နဂါးများ၏ အကူအညီနှင့် ဟုဆိုကာ ဓမ္မစေတီခေါင်းလောင်း ကို ရှာဖွေခဲ့ဖူးသော ဦးစံလင်းသည် ရန်ကုန်တိုင်းဒေသကြီး အစိုးရအ ဖွဲ့၏ ခွင့်ပြုချက်ရပါက အဆိုပါ ခေါင်းလောင်းကို လာမည့်သြဂုတ် လအတွင်း ကုန်းပေါ်အရောက် တင်မည်ဖြစ်ကြောင်း ဇွန် ၂၁ ရက် နေ့ က စီးတီးစတားဟိုတယ်တွင် ပြုလုပ်သော သတင်းစာရှင်းလင်း ပွဲအတွင်း ထပ်မံပြောဆိုလိုက်သည်။
၎င်းအနေဖြင့် ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့အား ခေါင်း လောင်းဆယ်ယူခွင့်အတွက် မေလ ၆ ရက်နေ့တွင် စာတင်ခဲ့ပြီး မိုးရာ သီဖြစ်နေသောကြောင့် ခွင့်မပြုနိုင် ပါကြောင်း အစိုးရအဖွဲ့က စာပြန် လာခဲ့သည့်အတွက် ဇွန်လ ၆ ရက် နေ့တွင် ထပ်မံ၍စာတင် ထားကြောင်း ဦးစံလင်းက ပြောသည်။

”အစိုးရအဖွဲ့ကို စာတင်ထား ပါတယ်။ ပထမတစ်ကြိမ်မှာ မိုးရာ သီမို့ ခွင့်မပြုနိုင်ဘူးဆိုပြီး စာပြန် လာတဲ့အတွက် ဒုတိယအကြိမ် စာ တင်ထားပါတယ်။ ကျွန်တော်တို့ က ရှာဖွေရေးလုပ်ငန်းစဉ် မဟုတ် တော့ပါဘူး။ ဖော်ယူရေးလုပ်ငန်း ပါ။ ခေါင်းလောင်းကြီးကိုေ တွ့မ   တွေ့တော့ ခုချိန်မှာမပြောလိုသေး ပါဘူး” ဟုဦးစံလင်းကပြောသည်။
ခေါင်းလောင်း ဆယ်ယူရေး အဖွဲ့တွင် ပြန်ကြားရေးအဖွဲ့ဝင်အ ဖြစ် တာဝန်ယူထားသော ဦးကြည် ဝင်းကမူ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့သို့ ခွင့်ပြုချက်တောင်း ခံပါက ဆယ်ယူမည့်နေရာ အတိ ကျနှင့် မည်သည့်အချိန်တွင် ဆယ် ယူမည်၊ မည်သည့်အချိန်တွင်ပြီးစီး မည်ဆိုသည့် တိကျခိုင်မာသောအ ချက်အလက်များ လိုအပ်မည်ဖြစ် ကြောင်း ပြောသည်။
သို့သော်  ခေါင်းလောင်းဆယ် ယူရေးအဖွဲ့၏ ပြန်ကြားရေးတာဝန် ယူထားသည့် ဦးကြည်ဝင်းကတော့ ”အစိုးရရဲ့ခွင့်ပြုချက်ကို ရဖို့ဆို ရင် ဘယ်နေရာမှာ ဘယ်လိုတွေ့လို့ ဆယ်ယူပါမယ်ဆိုတဲ့ တိကျခိုင်မာ တဲ့ အချက်အလက်တွေ လိုအပ် ပါမယ်။ ခုက သူ(ဦးစံလင်း)က မမြင် ရတာတွေကိုပဲ ပြောနေတော့ ကျွန် တော်တို့လည်း လိုက်မမီတော့ပါ ဘူး။ သက်သေတွေ လိုပါလိမ့်မယ်။ ကျွန်တော်ကိုယ်တိုင်တော့ ဒီခေါင်း လောင်းကြီး ရှာတွေ့မယ်ဆိုတာ မယုံပါဘူး” ဟုပြောသည်။
၎င်းတို့အဖွဲ့အနေဖြင့် အစိုးရ ခွင့်ပြုချက်ရပါက ယခင် ၂ဝ၁၄ ခု နှစ်ရှာဖွေခဲ့စဉ်က ရရှိထားခဲ့သော အလှူငွေ လက်ကျန် သိန်း ၅ဝဝ ခန့်ကိုအသုံးပြု၍ ဆယ်ယူမည်ဖြစ် ကြောင်း၊ အဆိုပါ ငွေကြေးသည် ခေါင်းလောင်းကြီးအား ကြိုးချည် ရန်အတွက် လုံလောက်မှုရှိကြောင်း ဦးစံလင်းက ပြောသည်။
ကြိုးချည်ပြီး နောက်ပိုင်းတွင်မူ အစိုးရအနေဖြင့် မည်သို့ ဆက်လုပ် မည်ကိုမသိကြောင်း ပြောဆိုသည်။
ဦးစံလင်းအနေဖြင့် ခေါင်း လောင်းတွေ့သည် မတွေ့သည်နှင့် ပတ်သက်၍ မပြောလိုဟု ဆိုသော် လည်း ၄င်းတို့ထုတ်ပြန်သော ထုတ်   ပြန်ချက်တစ်ခုတွင်မူ ၁၉၉၈ ခုနှစ် ကတည်းက တွေ့ရှိပြီးသားဖြစ် ကြောင်း ဖော်ပြထားသည်။             ဦးစံလင်းသည် အဆိုပါ ဓမ္မ စေ တီခေါင်းလောင်းကြီးအား ၅ ကြိမ်ထက်မနည်း ဆယ်ယူခဲ့သော် လည်း အောင်မြင်မှုမရရှိခဲ့ဘဲနောက် ဆုံးအကြိမ် ၂ဝ၁၄ ခုနှစ် သြဂုတ်လ အတွင်းကရှာဖွေရာတွင်မူ အဆိုပါ လ ၂၆ ရက်တွင် ခေါင်းလောင်း တွေ့ရှိပြီဟု ကြေညာခဲ့သော်လည်း အမှန်တကယ် တွေ့ရှိခဲ့သော အရာ မှာ သင်္ဘောပျက်ဟု ယူဆရသည့် သံထည်သာ ဖြစ်နေခဲ့သည်။
နှစ်ပေါင်း ၄ဝဝ ကျော်က တည်းက နစ်မြုပ်နေခဲ့သည်ဟူ၍ ရာဇဝင်စကားများရှိခဲ့သော ဓမ္မစေ တီခေါင်းလောင်းကြီးရှိခြင်း၊ မရှိ ခြင်း ထက် ဦးဆောင်ရှာဖွေသူ ဦးစံ လင်း၏ ဂမ္ဘီရဆန်ဆန် ပြောဆိုချက် များကို လူမှုကွန်ရက်ဖေ့စ်ဘွတ်ခ် ပေါ်တွင် လက်မခံသည့်ဘက် မှ ဝေဖန် ပြောဆိုမှုများက ပိုမိုများ ပြားနေသည်။
၂ဝ၁၄ ခုနှစ် သြဂုတ်လနှင့် စက်တင်ဘာ နှစ်လနီးပါး ခေါင်း လောင်းရှာဖွေခဲ့သော ဦးစံလင်း နောက်တွင် ဒုတိယမြောက်အဖြစ် ဦးကျော် ဝင်းဦးဆောင်၍ ဆက်လက် ရှာဖွေခဲ့ကြသည်။ ထို့အပြင် ဇေ ကမ္ဘာဦးခင်ရွှေ၊ ရွှေအုန်းပင်ဦးဝင်း မြင့် အပါအဝင် အခြားပုဂ္ဂိုလ်များ လည်း   ခေါင်းလောင်းရှာဖွေရန် တိုင်း ဒေသကြီးအစိုးရထံ ပါမစ်တောင်း ခံခဲ့ ကြဖူးသည်။
သမိုင်းပညာရှင်များကမူ ဓမ္မ စေတီခေါင်းလောင်းကြီး အမှန် တကယ်ရှိသည်၊ မရှိသည်ကိုသိနိုင် ရန်အတွက် အချိန်ယူသုတေသန ပြု လုပ်ရန် လိုအပ်ပြီး ရာဇဝင်လာ ယုံတမ်းစကားများပေါ်တွင် အ ခြေခံ၍ ခေါင်းလောင်းဆယ်ယူရေး သည် မဖြစ်နိုင်ကြောင်းသုံးသပ်ကြ သည်။
ဝေရှိုင်းကျော်
banner
Previous Post
Next Post

0 comments: