Lenovo မှ ကွေးနိုင်တဲ့ ဖုန်းနဲ့ တက်ဘလတ်များထုတ်လုပ်မည်
နည်းပညာတွေ အဆင့်မြင့်တိုးတက်လာတာနဲ့ အမျှ အမျိုးမျိုးသော မိုဘိုင်းဖုန်းနဲ့ တက်ဘလက် Company တွေကလည်း မြောက်များစွာတော့ ကွေးနိုင်တဲ့ မိုဘိုင်းဖုန်းနဲ့ တက်ဘလတ်များကို ထုတ်လုပ်လာခဲ့ပါတယ်။ အရင်က LG ကပထမဦးစွာ ကွေးနိုင်တဲ့ ဖုန်းနဲ့ တက်ဘလတ်များကို ထုတ်လုပ်လာခဲ့ပေမဲ့ လက်ရှိအချိန်မှာတော့ Lenovo ကလည်းသူတို့ရဲ့ဖုန်းနဲ့တက်ဘလတ်များကိုကွေးနိုင်ဆန့်နိုင်အောင်တီထွင်ဆန်းသစ်လာခဲ့ပြီဖြစ်ပါတယ်။
Lenovo ရဲ့ ကွေးနိုင်တဲ့စမတ်ဖုန်းများဟာလက်ကောက်ဝတ်မှာပတ်ထားနိုင်တဲ့အထိကွေးနိုင်ပြီးတက်ဘလတ်များကိုဆိုရင်စမတ်ဖုန်းအရွယ်တစ်ဝက်နီးပါးလောက်ခေါက်ပြီးဖုန်းပြောနိုင်ပါတယ်။တက်ဘလတ်များကိုခေါက်ချိုးလုပ်မယ်ဆိုရင်တော့ကျောဘက်ကိုကပ်ကာခေါက်ချိုးထားနိုင်ပါတယ်။စမတ်များ၊တက်ဘလတ်များကိုကွေးလိုက်တဲ့အချိန်မှာအတွင်းမှာရှိတဲ့စက်ပစ္စည်းအစိတ်အပိုင်းများကိုအဆင်ဆင်ပြေပြေကွေးနိုင်ဆန့်နိုင်အောင်ကူညီပေးမှာဖြစ်ပါတယ်။
ဒါပေမဲ့ လက်ရှိအချိန်မှာတော့ စမ်းသပ်ဆဲနဲ့ ပရိတ်သက်များကို မိတ်ဆက်ပေးဆဲ ကာလအတွင်းမှာသာရှိသေးသော်လည်း မကြာမီအချိန်အတွင်းမှာ အသုံးပြုသူတို့လက်ထဲကို ရောက်ရှိအောင် ပို့ဆောင်ပေးတော့မှာဖြစ်ပါတယ်။ Lenovo ရဲ့ ကွေးနိုင်တဲ့ဖုန်းနဲ့တက်ဘလတ်များထွက်လာတဲ့အချိန်ကိုတော့ရင်ခုန်စိတ်လှုပ်ရှားဖွယ်ရာစောင့်မျှောကြရတော့မှာဖြစ်ပါတယ်။
0 comments: