Wednesday, June 22, 2016

ခရိုနီများ၏ကမ်းလှမ်းမှုကို ပယ်ချနေခြင်းကြောင့် မကွေးတိုင်းဝန်ကြီးချုပ် ခြိမ်းခြောက်ခံနေရခြင်းဖြစ်သည် ဟုဆို

ခရိုနီများ၏ကမ်းလှမ်းမှုကို ပယ်ချနေခြင်းကြောင့် မကွေးတိုင်းဝန်ကြီးချုပ် ခြိမ်းခြောက်ခံနေရခြင်းဖြစ်သည် ဟုဆို

       
      မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ်  ခြိမ်း ခြောက်ခံနေရခြင်းသည် ခရိုနီများ၏ တွေ့ဆုံဆွေးနွေးလိုသည့် ကမ်းလှမ်းမှုကို လက်မခံဘဲ ပယ်ချနေသည့်အတွက်ကြောင့် ဟု ဝန်ကြီးချုပ်၏ မဲဆန္ဒနယ်မှ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်းက Popular News  ကို ပြောသည်။
မကွေးမြို့ ဗိုလ်ချုပ်ပန်းခြံအနီးနှင့် ဗိုလ်ချုပ်လမ်းမဝန်းကျင်တွင် ဇွန်လ ၁၂ ရက်နေ့က ဝန်ကြီးချုပ်နှင့် ၄င်း၏ကိုယ်ရေး အရာရှိအား ကန့်ကွက်ဆန္ဒပြကြရန် လှုံ့ ဆော်သည့်စာရွက်များ ကြဲချထားခြင်းနှင့် ကပ်ထားမှုများရှိခဲ့သည့်အပြင် တိုင်းဝန်ကြီး ချုပ် ဒေါက်တာအောင် မိုးညိုကိုယ်တိုင် ဇွန်လ ၂ဝရက်နေ့ကကျင်းပသည့် ဒုတိယ အကြိမ် မကွေးတိုင်းလွှတ်တော် ဒုတိယ ပုံမှန်အစည်းအဝေး ပထမနေ့၌ ခြိမ်းခြောက် ခံရပုံများကိုမဖော်ပြဘဲ ၄င်းနှင့် ၄င်း၏ကိုယ်ရေး အရာရှိတို့ အသက်အန္တရာယ်ရှိနိုင်သည်အထိ ခြိမ်းခြောက်နေမှုများ ရှိနေကြောင်း ထုတ် ဖော်ပြောဆိုခဲ့မှုအပေါ် ဦးထွန်းထွန်းက အထက်ပါအတိုင်းပြောဆိုခဲ့ခြင်းဖြစ်သည်။

”အရင်တုန်းကဆိုရင် ခရိုနီတွေက အစိုးရဌာနတွေထဲ ဝင်ချင်သလိုဝင် ထွက် ချင်သလိုထွက် လုပ်လို့ရခဲ့ပေမယ့် ခုကျ မရတော့ဘူး။ ဒါ့ကြောင့်ပါ” ဟု ၄င်းက ဆိုသည်။
ယခင်အစိုးရလက်ထက်က လွှတ်တော် ထဲ တပ်မတော်ကို ဝေဖန်ခဲ့သည့်အတွက် လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း၏သတိပေး   ခြင်းကို နှစ်ကြိမ်ထက်မနည်း ခံခဲ့ရသည့် ဝန်ကြီးချုပ်သည် ယခုအစိုးရလက်ထက် တွင်လည်း ကျန်တိုင်းဒေသကြီး၊ ပြည်နယ် ဝန်ကြီးချုပ် များထဲ ခြိမ်းခြောက်ခံလိုက်ရသူ တစ်ဦးအဖြစ် စာရင်းဝင်သွားခဲ့ပြန်သည်။
မကွေးတိုင်း လွှတ်တော်ဥက္ကဋ္ဌ ဦးတာ က ဝန်ကြီးချုပ်ခြိမ်းခြောက်ခံရမှုအပေါ် ၄င်း၏အမြင်ကို ပြောပြရာ၌ မကွေးတိုင်း ဘတ်ဂျက်တွင်း မှ ငွေကျပ်သိန်း ၂ဝဝဝ ကျော် စာရင်းပျောက်နေကြောင်း၊ ထိုအရာနှင့် ဆက်စပ်မှုရှိနိုင်ကြောင်း ဆိုသည်။
”ဝန်ကြီးချုပ်ကို လုံခြုံရေးရယူပေးရ မှာက ရဲတပ်ဖွဲ့ရဲ့တာဝန်ပဲလေ။ လွှတ်တော် ဘက်ကတော့ ခြိမ်းခြောက်မှုကိစ္စနဲ့ ပတ် သက်ပြီး ဘာမှလုပ်ဖို့မရှိပါဘူး”ဟု ဦးတာ က ပြောသည်။
မကွေးတိုင်းတွင် ရေနံလက်ယက်တွင်း ကိစ္စများအပါအဝင် ကျောက်မီးသွေးတွင်း ကိစ္စများ၌ နယ်ကျော်တူးနေသည်တို့ ရှိကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်များ၏ လုပ်ဆောင်ချက်တို့ကို တရားဥပဒေနှင့် တိတိကျကျ ကိုင်တွယ်မည်ဖြစ်ကြောင်း၊ ခြိမ်းခြောက်ခံရမှုကို လုံးဝအမှုထားမည် မဟုတ်ကြောင်း မကွေးဝန်ကြီးချုပ်က ပြောသည်။
မကွေးတိုင်းရဲတပ်ဖွဲ့မှူး ရဲမှူးကြီးမြင့်လွင် က ဝန်ကြီးချုပ်၏ လုံခြုံရေးကို ရဲတပ်ဖွဲ့က ရယူပေးနေကြောင်း ပြောသည်။
 ပြီးခဲ့သည့်အစိုးရလက်ထက်က မန္တလေး တိုင်းဝန်ကြီးချုပ်ဦးရဲမြင့်ကို ရည်ရွယ်တိုက် ခိုက်သော ပစ်ခတ်မှုတစ်ခု ဖြစ်ခဲ့ဖူးသည်။သို့သော် လည်း ဝန်ကြီးချုပ်မှာထိခိုက်ဒဏ်ရာ ရမှု မရှိခဲ့ဘဲ ယာဉ်တန်းပါသူအချို့သာ ဒဏ်ရာရမှုရှိခဲ့သည်။
မကွေးတိုင်း လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဌေးက ”ဒါက ပစ်စာသဘောဖြစ် နေတယ်။ သတ္တိရှိတယ်ဆိုရင်ပေါ်ပေါ်ထင် ထင် စိန်ခေါ်လေ” ဟု မှတ်ချက်ပြုသည်။
banner
Previous Post
Next Post

0 comments: