Sunday, June 19, 2016

ဆိုင်ကယ်နှင့်ကားတိုက်မိ၍ တစ်ဦးဒဏ်ရာရ၊ မော်တော်ယာဉ် နေအိမ်အတွင်းထိုးဝင်


ဆိုင်ကယ်နှင့်ကားတိုက်မိ၍ တစ်ဦးဒဏ်ရာရ၊ မော်တော်ယာဉ် နေအိမ်အတွင်းထိုးဝင်




မော်လမြိုင်၊ ဇွန် ၁၉

မော်လမြိုင်မြို့၊ မြေနီကုန်းရပ်ကွက်၊ မြို့ရှောင်လမ်းတွင် ဇွန်လ ၁၉ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်က ဆိုင်ကယ်နှင့် ကားတိုက်မိရာမှ ဒေါ်တင်မမ နေအိမ်ကို ကားဝင်တိုက်မိခဲ့ကြောင်း အဆိုပါ ရပ်ကွက်ဒေသခံများက ပြောကြားသည်။



အဆိုပါ ယာဉ်တိုက်မှုကြောင့် ဆိုင်ကယ်ယာဉ်မောင်းသမား ဦးဆန်းအောင်ကို မော်လမြိုင်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားရပြီး၊ ကားပေါ်ပါလာသူ အမျိုးသမီးသည် ဘယ်ခြေထောက်ဒဏ်ရရှိခဲ့သည်ဟု အခင်းဖြစ်ပွားရာနေရာသို့ ရောက်ရှိနေသူများက ပြောသည်။

ထို့အပြင် ကားဝင်တိုက်မှုကြောင့် မြေနီကုန်းရပ်ကွက်ရှိ အိမ်အမှတ် ၃၃ အနည်းငယ် ပျက်ဆီးခဲ့ကြောင်း အိမ်ပိုင်ရှင် ဒေါ်တင်မမ ပြောသည်။

သတင်း - ရင်ငြိမ်းချမ်း
ဓာတ်ပုံ - သားကြီး
Hinthar Media Corporation
banner

Related Posts:

0 comments: