Wednesday, June 22, 2016

အင်းစိန် GTI ကျောင်း ပြန်ရလျှင် သင်တန်းများ ပြန်လည်ဖွင့်လှစ်သင်ကြားပေးသွားမည်

အင်းစိန် GTI ကျောင်း ပြန်ရလျှင် သင်တန်းများ ပြန်လည်ဖွင့်လှစ်သင်ကြားပေးသွားမည်

    
 ရန်ကုန်၊ ဇွန် ၁ဝ
     အင်းစိန် GTI ကျောင်းအားပြန်ရလျှင် ပြင်ဆင်စရာရှိသည်များကို ပြင်ဆင်ကာသင်တန်းများ ပြန်လည်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန (သိပ္ပံနှင့် နည်းပညာ)မှ ပြောရေးဆိုခွင့်ရှိသူ ဦးကျော်စွာစိုးက ဆိုသည်။
”ဘာသာရပ်တွေက အများကြီးဆိုတော့ ကျွန်တော်တို့ဘက်က ဖွင့်လို့ရသလောက်တော့ ဖွင့်သွားမှာပါ။ လက်ရှိမှာ နိုင်ငံတော်အစိုးရအဖွဲ့ကို ဒီကျောင်းကြီးကို ပြန်ရဖို့တင်ပြထားပါတယ်။ သူတို့ဘက်ကလည်း သဘောတူထားတဲ့ အနေအထားမှာတော့ ရှိနေပါပြီ” ဟု ၎င်းကဆိုသည်။

အင်းစိန် GTI (Government Technical Institute) ကို ရန်ကုန်တိုင်း ဒေသကြီး၊ အင်းစိန်မြို့နယ် ရွာမအနီးတွင် ဖွင့်လှစ်ထားခဲ့ပြီး ယနေ့ခေတ်တွင် နှစ်ပေါင်း ၁၂ဝကျော်အကြာသက်တမ်း ရှိနေပြီဖြစ်သည်။ အဆိုပါကျောင်းအား ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ လက်အောက်သို့ ၁၉၉၇ ခုနှစ် ဇူလိုင်လတွင် လွှဲပြောင်းပေးခဲ့ရရာမှ ပညာဝန်ကြီးဌာန လက်အောက်သို့ ပြန်လည်ရောက်ရှိရန် တောင်းခံခဲ့ခြင်းဖြစ်သည်။
အင်းစိန် GTI ကျောင်းတွင် ၁၉၇၅ ခုနှစ်က သင်ယူပြီးမြောက်ခဲ့သော ကျောင်းသားဟောင်းတစ်ဦးဖြစ်သူ ကဗျာဆရာ မောင်လင်းရိပ်က ”ဒီကျောင်းကြီးပြန်ဖွင့် ပြီးသင်တန်းတွေပြန်ပေးတော့မယ်ဆိုတာ ကြားရတော့ တကယ့်ကို ဝမ်းသာမိတာတော့ အမှန်ပါပဲ။ ဒါပေမဲ့ ဒီလိုကျောင်းကြီးမှာ သင်ထောက်ကူပစ္စည်းတွေ၊ သင် ကြားမှုဆိုင်ရာ အထောက်အပံ့ကောင်းတွေ မရရင်တော့ အရေအတွက်ဆိုတာပဲ ဖြစ်လာမှာပါ” ဟု ကျောင်းပြန်ဖွင့်မည့် အပေါ်အကြံပြုစကား ပြောသည်။
အဆိုပါ အင်းစိန် GTI ကျောင်းတွင် ၎င်းတို့ခေတ်က Civil ၊ Mechanical ၊ Electrical အစရှိသည့် ဘာသာရပ်ငါး မျိုးကို အရည်အချင်းပြည့်ဝသော ဆရာ၊ ဆရာမများက သင်ကြားပေးခဲ့ကြကြောင်း၊ ထိုအချိန်က တက္ကသိုလ်ဝင်တန်းအောင် မြင်ပြီး အင်ဂျင်နီယာဘာသာရပ်ကို တက် ရောက် လိုသူများအနေနှင့် အင်္ဂလိပ်စာ၊ သင်္ချာနှင့် စက်မှုလက်မှု ဗဟုသုတတို့ကို ဝင်ခွင့်အနေနှင့် ဖြေဆိုပြီး ရမှတ်ပေါ်မူ တည်၍ ရသည့် ဘာသာရပ်ကို သုံးနှစ် တက်ရောက်ရကြောင်း ၎င်းက ထပ်မံ ရှင်းပြပေးခဲ့သည်။
banner
Previous Post
Next Post

0 comments: