Thursday, January 15, 2015

ပြန်ကစားချင်တဲ့ ရော်နယ်ဒို

ဘရာဇီးတိုက်စစ်မှူးဟောင်းကြီး ရော်နယ်ဒိုက သူ၏ ခန္ဓာကိုယ်အနေအထား အချိုးကျကျဖြစ်လာပါက ဘောလုံးပြန်ကစားချင်သေးသည်ဟု ပြောဆိုလိုက်သည်။ဖီဖာကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆု ၃ ကြိမ်ရထားသော အသက် ၃၈ နှစ်ရှိ ရော်နယ်ဒိုမှာ အမေရိကန် ဒုတိယတန်းကလပ်တစ်ခုဖြစ်သော ဖို့တ်လောင်ဒါဒေးလ် စထရွိုက်ကာစ် အသင်း၏ ရှယ်ယာအချို့ကို ၀ယ်ယူပိုင်ဆိုင်ထားသူ ဖြစ်သည်။၂၀၁၁ တွင် ကိုရင်သီယန်အသင်းနှင့် နောက်ဆုံးကစားခဲ့ပြီးနောက် ကစားသမားဘ၀မှ အနားယူခဲ့သည့် ရော်နယ်ဒိုက အနားယူခဲ့ရခြင်းမှာ မလွယ်လှကြောင်း၊ အဘယ်ကြောင့်ဆိုသော် မိမိသည် ဘောလုံးကစားရခြင်းကို ချစ်မြတ်နိုးလွန်းခြင်းကြောင့်ဖြစ်ကြောင်း၊ သို့သော် ခန္ဓာကိုယ်အလွန်ဝလာခြင်းကြောင့် ကစားရန်မလွယ်ခဲ့တော့ကြောင်း၊ အကယ်၍ ခန္ဓာကိုယ်အချိုးကျကျ ပြန်ဖြစ်လာပါက ကစားချင်သေးကြောင်း ပြောဆိုခဲ့သည်။
ရော်နယ်ဒိုမှာ ဘရာဇီး ပြန်တွင်းအပြင် ဥရောပရှိ PSV၊ ဘာစီလိုနာ၊ မီလန်အသင်းများတွင် ကစားခဲ့ကာ ၂၀၀၂ ကမ္ဘာ့ဖလားဖိုင်နယ်တွင် အနိုင်ဂိုး ၂ ဂိုး သွင်းယူပေးခဲ့သူ ဖြစ်သည်။ 
banner
Previous Post
Next Post

0 comments: