Thursday, January 15, 2015

မနက်ဖြန် ဘောလုံး ခန့်မှန်း

 Cordoba
 Eibar
 0:0
အများဆုံး  သရေကျဖွယ်ရှိ
၂ဂိုး ထက်ပို မရှိ
အိမ်ရှင်အသင်း ကအသင်းအဝေးကွင်း ရိုက်နှက်ဖို့ အခွင့်အလမ်း အလွန်သေးငယ်သာ ရှိ
 hopefullyကောင်းမွန်တဲ့ ရွေးချယ်မှု
2 ဂိုး ထက်ပို မရှိ
2 ဂိုး ထက်ပို မရှိ
2 ဂိုး ထက်ပို မရှိ
2 ဂိုး ထက်ပို မရှိ
2 ဂိုး ထက်ပို မရှိ

အသင်းပြောင်းမယ့် အီတူး

အဲဗာတန်တိုက်စစ်မှူး အီတူးမှာ အသင်းပြောင်းရန် ကြံစည်နေပြီဟု သိရသည်။၃၃ နှစ်သား အီတူးမှာ ၀က်စ်ဟမ်းနှင့် ကစားရသည့် FA ဖလားပွဲတွင် ချန်လှပ်ထားခြင်းခံခဲ့ရသူဖြစ်ပြီး သူ့ကို စီးရီးအေကလပ် ဆမ်ဒိုးရီးယားက ခေါ်လိုလျှက် ရှိသည်။ကင်မရွန်းလူမျိုး အီတူးမှာ လွန်ခဲ့သော သြဂုတ်လတွင် ၂ နှစ်စာချုပ်ဖြင့် ချဲလ်ဆီးမှ အဲဗာတန်သို့ ရောက်ရှိခဲ့သူဖြစ်ပြီး ပရီးမီးယားလိဂ် ၁၄ ပွဲတွင် ၃ ဂိုးသွင်းယူပေးထားခဲ့သည်။အဲဗာတန်နည်းပြ မာတီနက်ဇ်က အီတူးနှင့်ပတ်သက်၍ ကလပ် ၂ ခုက မိမိတို့ထံ ဆက်သွားလာခဲ့ကြောင်း၊ ထို့ကြောင့် သူ့အတွက် လူစာရင်းမှ ချန်လှန်ထားကာ သူ့အတွက် မည်သည်က အကောင်းဆုံးဖြစ်လာမည်ကို သူ့ကိုသူ စဉ်းစားနိုင်စေရန် ဖြစ်ကြောင်း ပြောဆိုခဲ့သည်။အီတူးမှာ မာလော့ကာ၊ ဘာစီလိုနာ၊ အင်တာ၊ အန်းဇီ စသည့် အသင်းများတွင်လည်း ကစားခဲ့ဘူးသူ ဖြစ်သည်။  

ပြန်ကစားချင်တဲ့ ရော်နယ်ဒို

ဘရာဇီးတိုက်စစ်မှူးဟောင်းကြီး ရော်နယ်ဒိုက သူ၏ ခန္ဓာကိုယ်အနေအထား အချိုးကျကျဖြစ်လာပါက ဘောလုံးပြန်ကစားချင်သေးသည်ဟု ပြောဆိုလိုက်သည်။ဖီဖာကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆု ၃ ကြိမ်ရထားသော အသက် ၃၈ နှစ်ရှိ ရော်နယ်ဒိုမှာ အမေရိကန် ဒုတိယတန်းကလပ်တစ်ခုဖြစ်သော ဖို့တ်လောင်ဒါဒေးလ် စထရွိုက်ကာစ် အသင်း၏ ရှယ်ယာအချို့ကို ၀ယ်ယူပိုင်ဆိုင်ထားသူ ဖြစ်သည်။၂၀၁၁ တွင် ကိုရင်သီယန်အသင်းနှင့် နောက်ဆုံးကစားခဲ့ပြီးနောက် ကစားသမားဘ၀မှ အနားယူခဲ့သည့် ရော်နယ်ဒိုက အနားယူခဲ့ရခြင်းမှာ မလွယ်လှကြောင်း၊ အဘယ်ကြောင့်ဆိုသော် မိမိသည် ဘောလုံးကစားရခြင်းကို ချစ်မြတ်နိုးလွန်းခြင်းကြောင့်ဖြစ်ကြောင်း၊ သို့သော် ခန္ဓာကိုယ်အလွန်ဝလာခြင်းကြောင့် ကစားရန်မလွယ်ခဲ့တော့ကြောင်း၊ အကယ်၍ ခန္ဓာကိုယ်အချိုးကျကျ ပြန်ဖြစ်လာပါက ကစားချင်သေးကြောင်း ပြောဆိုခဲ့သည်။
ရော်နယ်ဒိုမှာ ဘရာဇီး ပြန်တွင်းအပြင် ဥရောပရှိ PSV၊ ဘာစီလိုနာ၊ မီလန်အသင်းများတွင် ကစားခဲ့ကာ ၂၀၀၂ ကမ္ဘာ့ဖလားဖိုင်နယ်တွင် အနိုင်ဂိုး ၂ ဂိုး သွင်းယူပေးခဲ့သူ ဖြစ်သည်။ 

မန်စီးတီးတွင် တိုရေးနှင့် တွဲဖက်ပြီး ဂိုးများစွာ သွင်းယူနိုင်ရန် မျှော်လင့်ဟု ဘိုနီပြောကြား

မန်ချက်စတာ စီးတီးအသင်းတွင် လက်ရွေးစင် အသင်းမှ ကစားဖော် ယာယာတိုရေးနှင့် တွဲဖက်ပြီး ဂိုးများစွာ သွင်းယူနိုင်ရန် မျှော်လင့်ထားကြောင်း ဝီလ်ဖရိုဒ် ဘိုနီက ပြောကြားခဲ့သည်။

ဆွမ်ဆီးစီးတီး အသင်းမှ တိုက်စစ်မှူးသည် ယမန်နေ့ ညပိုင်းက မန်စီးတီးသို့ ပေါင်စတာလင် (၂၅)သန်းဖြင့် အတည်ပြု ရောက်ရှိလာခဲ့သည်။ ဘိုနီသည် မန်စီးတီးနှင့် (၄)နှစ်ခွဲ သက်တမ်းရှိ စာချုပ်ကို ချုပ်ဆိုခဲ့ပြီး အစ်တီဟတ်တွင် တစ်ပတ်လုပ်ခ ပေါင်စတာလင် (၁၀၀၀၀၀)ထိ ရရှိမည်ဟု သိရသည်။ ယခုအခါ မန်စီးတီးသည် (၂၀၁၄)ခုနှစ်အတွင်း ပရီးမီးယားလိဂ်၌ သွင်းဂိုးအများဆုံး ရရှိသူ (၃)ဦးကို စုစည်းနိုင်ခဲ့ပြီ ဖြစ်သည်။ ဘိုနီနှင့် ကွင်းလယ်လူ တိုရေးတို့အပြင် တိုက်စစ်မှူး ဆာဂျီယို အဂူရိုသည်လည်း ပြီးခဲ့သည့် နှစ်အတွင်း အထူးတလည် ခြေစွမ်းပြခဲ့သည်။

အသက်(၂၆)နှစ်ရှိ ဘိုနီသည် ဟာဗီဂါစီယာ နောက်ဆုံးဝတ်ဆင်ခဲ့သည့် ကျောနံပါတ်(၁၄) ဂျာစီကို မန်စီးတီးတွင် ဆက်ခံသွားမည် ဖြစ်သည်။ “ကျွန်တော့်အတွက်တော့ ကြီးကျယ်ခမ်းနားတဲ့ ဂုဏ်ပြုမှု တစ်ရပ်ပါပဲ။ ဒါပေမဲ့ ကြီးမားတဲ့ စိန်ခေါ်မှု တစ်ရပ်ဆိုတာကိုလည်း သဘောပေါက်ပါတယ်။ ကစားသမား တစ်ယောက် အနေနဲ့ ကမ္ဘာပေါ်က အကြီးကျယ်ဆုံး အသင်းတစ်ခုခုရဲ့ အစိတ်အပိုင်းအဖြစ် ပါဝင်ရခြင်းဟာ အမြဲတမ်း ကျေနပ်စရာပါ။ အခုကျွန်တော် ဒီအခွင့်အရေးကို ရလာပါပြီ။ ဒီအတွက် ဂုဏ်ယူပါတယ်။ မန်စီးတီးဟာ ချန်ပီယံလိဂ်မှာ ကစားနေပါတယ်။ ပြီးခဲ့တဲ့ ရာသီကုန်က ကျွန်တော် ပြောခဲ့တာကို ခင်ဗျားတို့ မှတ်မိဦးမှာပါ။ ဒီပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်နေတဲ့ အသင်းတစ်ခုခုကို ကျွန်တော် ပြောင်းဖြစ်ချင်တယ် ဆိုတာကိုလေ။ ချန်ပီယံလိဂ်မှာ ကျွန်တော် တကယ်ပဲ ပါဝင်ကစားပြီး အောင်မြင်မှုတွေလည်း ရရှိချင်ပါတယ်”ဟု ဘိုနီက ဆိုသည်။

၎င်းက အိုင်ဗရီကို့စ် လက်ရွေးစင် အသင်းဖော် တိုရေးနှင့် ပတ်သက်ပြီး “နိုင်ငံလက်ရွေးစင် ပွဲတွေရှိတိုင်း သူနဲ့ကျွန်တော် စကားပြောဖြစ်ပါတယ်။ သူ့ကြောင့် ကျွန်တော်ဟာ ပိုကောင်းတဲ့ ကစားသမားတစ်ယောက်၊ ပိုထက်မြက်တဲ့ တိုက်စစ်မှူးတစ်ယောက် ဖြစ်လာပါတယ်။ အခုကျွန်တော် မန်စီးတီးမှာ တကယ့် ထိပ်တန်း ကစားသမားတွေနဲ့ အတူလက်တွဲ ကစားရပါမယ်။ ကျွန်တော်ကတော့ အချိန်တိုင်း ကြိုးကြိုးစားစား လေ့ကျင့်ပြီး ကိုယ်ရလာတဲ့ အခွင့်အရေးတိုင်းကို အကောင်းဆုံး အသုံးချသွားမှာပါ”ဟု ဘိုနီက ဖွင့်ဟသွားသည်။