Thursday, January 15, 2015

အသင်းပြောင်းမယ့် အီတူး

အဲဗာတန်တိုက်စစ်မှူး အီတူးမှာ အသင်းပြောင်းရန် ကြံစည်နေပြီဟု သိရသည်။၃၃ နှစ်သား အီတူးမှာ ၀က်စ်ဟမ်းနှင့် ကစားရသည့် FA ဖလားပွဲတွင် ချန်လှပ်ထားခြင်းခံခဲ့ရသူဖြစ်ပြီး သူ့ကို စီးရီးအေကလပ် ဆမ်ဒိုးရီးယားက ခေါ်လိုလျှက် ရှိသည်။ကင်မရွန်းလူမျိုး အီတူးမှာ လွန်ခဲ့သော သြဂုတ်လတွင် ၂ နှစ်စာချုပ်ဖြင့် ချဲလ်ဆီးမှ အဲဗာတန်သို့ ရောက်ရှိခဲ့သူဖြစ်ပြီး ပရီးမီးယားလိဂ် ၁၄ ပွဲတွင် ၃ ဂိုးသွင်းယူပေးထားခဲ့သည်။အဲဗာတန်နည်းပြ မာတီနက်ဇ်က အီတူးနှင့်ပတ်သက်၍ ကလပ် ၂ ခုက မိမိတို့ထံ ဆက်သွားလာခဲ့ကြောင်း၊ ထို့ကြောင့် သူ့အတွက် လူစာရင်းမှ ချန်လှန်ထားကာ သူ့အတွက် မည်သည်က အကောင်းဆုံးဖြစ်လာမည်ကို သူ့ကိုသူ စဉ်းစားနိုင်စေရန် ဖြစ်ကြောင်း ပြောဆိုခဲ့သည်။အီတူးမှာ မာလော့ကာ၊ ဘာစီလိုနာ၊ အင်တာ၊ အန်းဇီ စသည့် အသင်းများတွင်လည်း ကစားခဲ့ဘူးသူ ဖြစ်သည်။  
banner
Previous Post
Next Post

0 comments: