Wednesday, June 22, 2016

MPT ၏ နံပါတ်အဟောင်းမှ နံပါတ်အသစ်သို့ပြောင်းသူများ ၂၀၁၇ ဇူလိုင်အထိ Call Forward အခမဲ့ သုံးနိုင်မည် ဟုဆို

MPT ၏ နံပါတ်အဟောင်းမှ နံပါတ်အသစ်သို့ပြောင်းသူများ ၂၀၁၇ ဇူလိုင်အထိ Call Forward အခမဲ့ သုံးနိုင်မည် ဟုဆို

  MPT မှ ဖုန်းနံပါတ်အချို့ကိုပြောင်းလဲမည်ဖြစ်ရာ နံပါတ်ဟောင်းမှ နံပါတ်အသစ်သို့ပြောင်းသူများ ၂၀၁၇ ဇူလိုင် အထိ Call Forward အခမဲ့ အသုံးပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် ရေနံချောင်းစက်မှုဇုန် အိတ်ချိန်းနယ်မြေအတွင်း အော်တိုတယ်လီဖုန်းများအား ခေတ်မီ အိတ်ချိန်းစက်များနှင့် ပြောင်းလဲမည်ဖြစ်ရာ ယင်းဖုန်းများ အခမဲ့အသုံးပြုနိုင်မည်ဖြစ်သည်။ အဆိုပါနံပါတ် အဟောင်းမှ နံပါတ်အသစ်သို့ ပြောင်းလဲနေစဉ်ကာလအတွင်း MPT ၏ ၀န်ဆောင်မှု Call Forward ကို ၂၀၁၇ ဇူလိုင်လကုန်အထိ အခမဲ့ပေးထားမည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သိရသည်။ Call Forwarding ၀န်ဆောင်မှုမှာ လက်ခံရရှိသော အ၀င်ခေါ်ဆိုမှုများအား အခြားနံပါတ်တစ်ခုသို့ လွှဲပြောင်းပေးနိုင်သည့် ၀န်ဆောင်မှုဖြစ်သည်။

မြန်မာနိုင်ငံ၌ Viber အသုံးပြုသူ ၂၆ သန်းရှိ


မြန်မာနိုင်ငံ၌ Viber အသုံးပြုသူ ၂၆ သန်းရှိ

မြန်မာနိုင်ငံတွင် Viber အသုံးပြုသူပေါင်း ၂၆ သန်းသို့ရောက်ရှိခဲ့ပြီဖြစ်ကြောင်း Viber က သတင်း ထုတ်ပြန်လိုက်သည်။
Viber အသုံးပြုသူ တိုးတက်မှုနှုန်းသည် ၂၀၁၅ ခုနှစ် ဇွန်လနှင့် နှိုင်းယှဉ်ပါက တစ်နှစ်တာအတွင်း ၂၀၀ ရာခိုင်နှုန်း မြင့်တက်လာခဲ့ခြင်းလည်း ဖြစ်သည်။ ၂၀၁၅ ခုနှစ်တွင် အသုံးပြုသူအရေအတွက် ၁၃ သန်း သာရှိခဲ့သော Viber သည် တစ်နှစ်တာအတွင်း မြန်မာနိုင်ငံ၌ အသုံးပြုသူ အမြောက်အမြားကို ပိုင်ဆိုင်ခဲ့ခြင်း ဖြစ်သည်

ပါးစပ်ကို တိပ်ဖြင့်ပတ်ကာ ဒဏ်ရာများဖြင့် သေဆုံးနေသည့် ယာဉ်မောင်းကို BE တပ်ရှေ့တွင် တွေ့ရှိ

ပါးစပ်ကို တိပ်ဖြင့်ပတ်ကာ ဒဏ်ရာများဖြင့် သေဆုံးနေသည့် ယာဉ်မောင်းကို BE တပ်ရှေ့တွင် တွေ့ရှိ

    မင်္ဂလာဒုံမြို့နယ် ပြည်လမ်းဘေးရှိ အမှတ် (၉၈) BE တပ်ရှေ့တွင် ဇွန်လ ၁၉ ရက် နံနက် ၈ နာရီခွဲက အငှားယာဉ်တစ်စီးပေါ် ပါးစပ်တိပ်ဖြင့်ပတ်လျက် ရင်ညွန့်ထိုးသွင်းဒဏ်ရာများဖြင့် သေဆုံးနေသော အသက် ၅၀ ကျော်အရွယ် အငှားယာဉ်မောင်း အမျိုးသားတစ်ဦး၏ အလောင်းကို တွေ့ရှိခဲ့ကြောင်း ယင်းမြို့နယ် ရဲတပ်ဖွဲ့ထံမှ သိရှိရသည်။

ကွမ်း ခုတ်ရာမလွဲစေဖို့

ကွမ်း ခုတ်ရာမလွဲစေဖို့

   အစိုးရသစ်၏ ကွမ်းနှိမ်နှင်းရေးက ခြေလှမ်းပင် မစသေး ဝေဖန်သံတို့ ပွက်လောရိုက်လာသဖြင့် နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ပင် မနေသာ ကြားဝင်ရပြီ ဖြစ်သည်။ ကွမ်းပြဿနာကို အဓမ္မ မဖြေရှင်းရန် ဒေါ်အောင်ဆန်းစုကြည်က တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများသို ညွှန်ကြားချက် ထုတ်ပြန်လိုက်သည်

  အသက်အငယ်ဆုံး ဝန်ကြီးချုပ် ဦးဆောင်သည့် ကယားက စသည်။
ကွမ်းယာဆိုင်များ ပိတ်သိမ်းရန် ကယားပြည်နယ် အစိုးရက စီစဉ်ဆောင်ရွက်နေမှုအပေါ် လုပ်ကိုင်ပုံ နည်းလမ်းမကျဟု ဆိုကာ ကန့်ကွက်သံများ ထွက်ပေါ်လာပြီး ယင်းသို့ အဓမ္မ မဖြေရှင်းရန် ကြားဝင်ဟန့်တားရခြင်း ဖြစ်သည်။
ရက်တစ်ရာ မပြည့်သေးသည့် အစိုးရသစ်မှာ လုပ်ပုံကိုင်ပုံ နည်းနာများကို လူထုအသံ နားစွင့်ရင်း ခပ်ဆဆ ကိုင်တွယ်နေဟန် ရှိသည်။

ဓမ္မစေတီခေါင်းလောင်းနှင့် နဂါးကြီး ပြန်လာပြီ

ဓမ္မစေတီခေါင်းလောင်းနှင့် နဂါးကြီး ပြန်လာပြီ

  
    နတ်နဂါးများ၏ အကူအညီနှင့် ဟုဆိုကာ ဓမ္မစေတီခေါင်းလောင်း ကို ရှာဖွေခဲ့ဖူးသော ဦးစံလင်းသည် ရန်ကုန်တိုင်းဒေသကြီး အစိုးရအ ဖွဲ့၏ ခွင့်ပြုချက်ရပါက အဆိုပါ ခေါင်းလောင်းကို လာမည့်သြဂုတ် လအတွင်း ကုန်းပေါ်အရောက် တင်မည်ဖြစ်ကြောင်း ဇွန် ၂၁ ရက် နေ့ က စီးတီးစတားဟိုတယ်တွင် ပြုလုပ်သော သတင်းစာရှင်းလင်း ပွဲအတွင်း ထပ်မံပြောဆိုလိုက်သည်။
၎င်းအနေဖြင့် ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့အား ခေါင်း လောင်းဆယ်ယူခွင့်အတွက် မေလ ၆ ရက်နေ့တွင် စာတင်ခဲ့ပြီး မိုးရာ သီဖြစ်နေသောကြောင့် ခွင့်မပြုနိုင် ပါကြောင်း အစိုးရအဖွဲ့က စာပြန် လာခဲ့သည့်အတွက် ဇွန်လ ၆ ရက် နေ့တွင် ထပ်မံ၍စာတင် ထားကြောင်း ဦးစံလင်းက ပြောသည်။

အင်းစိန် GTI ကျောင်း ပြန်ရလျှင် သင်တန်းများ ပြန်လည်ဖွင့်လှစ်သင်ကြားပေးသွားမည်

အင်းစိန် GTI ကျောင်း ပြန်ရလျှင် သင်တန်းများ ပြန်လည်ဖွင့်လှစ်သင်ကြားပေးသွားမည်

    
 ရန်ကုန်၊ ဇွန် ၁ဝ
     အင်းစိန် GTI ကျောင်းအားပြန်ရလျှင် ပြင်ဆင်စရာရှိသည်များကို ပြင်ဆင်ကာသင်တန်းများ ပြန်လည်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန (သိပ္ပံနှင့် နည်းပညာ)မှ ပြောရေးဆိုခွင့်ရှိသူ ဦးကျော်စွာစိုးက ဆိုသည်။
”ဘာသာရပ်တွေက အများကြီးဆိုတော့ ကျွန်တော်တို့ဘက်က ဖွင့်လို့ရသလောက်တော့ ဖွင့်သွားမှာပါ။ လက်ရှိမှာ နိုင်ငံတော်အစိုးရအဖွဲ့ကို ဒီကျောင်းကြီးကို ပြန်ရဖို့တင်ပြထားပါတယ်။ သူတို့ဘက်ကလည်း သဘောတူထားတဲ့ အနေအထားမှာတော့ ရှိနေပါပြီ” ဟု ၎င်းကဆိုသည်။

ခရိုနီများ၏ကမ်းလှမ်းမှုကို ပယ်ချနေခြင်းကြောင့် မကွေးတိုင်းဝန်ကြီးချုပ် ခြိမ်းခြောက်ခံနေရခြင်းဖြစ်သည် ဟုဆို

ခရိုနီများ၏ကမ်းလှမ်းမှုကို ပယ်ချနေခြင်းကြောင့် မကွေးတိုင်းဝန်ကြီးချုပ် ခြိမ်းခြောက်ခံနေရခြင်းဖြစ်သည် ဟုဆို

       
      မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ်  ခြိမ်း ခြောက်ခံနေရခြင်းသည် ခရိုနီများ၏ တွေ့ဆုံဆွေးနွေးလိုသည့် ကမ်းလှမ်းမှုကို လက်မခံဘဲ ပယ်ချနေသည့်အတွက်ကြောင့် ဟု ဝန်ကြီးချုပ်၏ မဲဆန္ဒနယ်မှ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်းက Popular News  ကို ပြောသည်။
မကွေးမြို့ ဗိုလ်ချုပ်ပန်းခြံအနီးနှင့် ဗိုလ်ချုပ်လမ်းမဝန်းကျင်တွင် ဇွန်လ ၁၂ ရက်နေ့က ဝန်ကြီးချုပ်နှင့် ၄င်း၏ကိုယ်ရေး အရာရှိအား ကန့်ကွက်ဆန္ဒပြကြရန် လှုံ့ ဆော်သည့်စာရွက်များ ကြဲချထားခြင်းနှင့် ကပ်ထားမှုများရှိခဲ့သည့်အပြင် တိုင်းဝန်ကြီး ချုပ် ဒေါက်တာအောင် မိုးညိုကိုယ်တိုင် ဇွန်လ ၂ဝရက်နေ့ကကျင်းပသည့် ဒုတိယ အကြိမ် မကွေးတိုင်းလွှတ်တော် ဒုတိယ ပုံမှန်အစည်းအဝေး ပထမနေ့၌ ခြိမ်းခြောက် ခံရပုံများကိုမဖော်ပြဘဲ ၄င်းနှင့် ၄င်း၏ကိုယ်ရေး အရာရှိတို့ အသက်အန္တရာယ်ရှိနိုင်သည်အထိ ခြိမ်းခြောက်နေမှုများ ရှိနေကြောင်း ထုတ် ဖော်ပြောဆိုခဲ့မှုအပေါ် ဦးထွန်းထွန်းက အထက်ပါအတိုင်းပြောဆိုခဲ့ခြင်းဖြစ်သည်။

ဓမ္မစေတီခေါင်းလောင်းနှင့် နဂါးကြီး ပြန်လာပြီ

မ္မစေတီခေါင်းလောင်းနှင့် နဂါးကြီး ပြန်လာပြီ
နတ်နဂါးများ၏ အကူအညီနှင့် ဟုဆိုကာ ဓမ္မစေတီခေါင်းလောင်း ကို ရှာဖွေခဲ့ဖူးသော ဦးစံလင်းသည် ရန်ကုန်တိုင်းဒေသကြီး အစိုးရအ ဖွဲ့၏ ခွင့်ပြုချက်ရပါက အဆိုပါ ခေါင်းလောင်းကို လာမည့်သြဂုတ် လအတွင်း ကုန်းပေါ်အရောက် တင်မည်ဖြစ်ကြောင်း ဇွန် ၂၁ ရက် နေ့ က စီးတီးစတားဟိုတယ်တွင် ပြုလုပ်သော သတင်းစာရှင်းလင်း ပွဲအတွင်း ထပ်မံပြောဆိုလိုက်သည်။

Sunday, June 19, 2016

လိုနေတာက လုံးဝကိုပျောက်ဆုံးသွားတဲ့ ကစားကွင်းတွေကို လိုနေတာပါ

လိုနေတာက လုံးဝကိုပျောက်ဆုံးသွားတဲ့ ကစားကွင်းတွေကို လိုနေတာပါ

   ပြည်သူလူထု၏ ကျန်းမာရေး အတွက် လိုအပ်သော နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားများ မွေးထုတ်ပေး နိုင်ခဲ့သော အားကစားကွင်းများ၊ အခ ကြေးငွေမပေးရဘဲအပန်းဖြေနိုင်သော ပန်းခြံများ ပျောက်ကွယ်ခဲ့ရခြင်းနှင့် ပတ် သက်၍ ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေ သကြီးလွှတ်တော်၊ ဇွန် ၁၄ ရက်အစည်း အဝေးတွင် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးရန်အောင်က ကြယ်ပွင့် ပြမေးခွန်းအဖြစ် ဆွေးနွေးမေးမြန်းခဲ့ ကြောင်း သိရသည်။

မှတ်ရမလွယ်သော ရဲတပ်ဖွဲ့ ဖုန်းနံပါတ်အပေါ်ဝေဖန်နေချိန် မှတ်ရလွယ်သော ဖုန်းနံပါတ်တစ်ခု ထပ်မံထုတ်ပြန်

မှတ်ရမလွယ်သော ရဲတပ်ဖွဲ့ ဖုန်းနံပါတ်အပေါ်ဝေဖန်နေချိန် မှတ်ရလွယ်သော ဖုန်းနံပါတ်တစ်ခု ထပ်မံထုတ်ပြန်

ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့သို့ ပြည်သူများဆက်သွယ်ဆောင်ရွက်လိုပါကHot Line  ဖုန်းနံပါတ်၀၁၂၃၂၃၁၉၉ သို့ ဆက်သွယ်နိုင်ကြောင်း  ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှ ဇွန် ၁၃ ရက်တွင် ထုတ်ပြန်ခဲ့သည်။
ယခင်က ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့သို့ ဆက်သွယ် ဆောင်ရွက်ရန် ကြေညာထားသောHot Line ဖုန်းနံပါတ်  များဖြစ်သည့် ၀၁၂၃၁၇၅၂၆ နှင့် ၀၁၂၃၁၇၅၂၇ဖုန်းနှစ်လုံးနှင့် ယခုအခါ မှတ်ရလွယ်ကူပြီး ဆက်သွယ်မှုပိုမိုအဆင် ပြေစေမည့်Hot Line ဖုန်းနံပါတ်ဝ-၁၂၃၂၃၁၉၉ သို့လည်း ဆက်သွယ်နိုင်ပြီ ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

နိုင်ငံအဆင့် အသည်းရောဂါစီမံကိန်းကို ယခုနှစ်အတွင်းစတင်နိုင်ရန် လုပ်ဆောင်နေပြီး လူဦးရေ၏ ခြောက်ရာခိုင်နှုန်းကျော်မှာ အသည်းရောင် အသားဝါ 'ဘီ' ပိုး ကူးစက်ခံထားရ

နိုင်ငံအဆင့် အသည်းရောဂါစီမံကိန်းကို ယခုနှစ်အတွင်းစတင်နိုင်ရန် လုပ်ဆောင်နေပြီး လူဦးရေ၏ ခြောက်ရာခိုင်နှုန်းကျော်မှာ အသည်းရောင် အသားဝါ 'ဘီ' ပိုး ကူးစက်ခံထားရ

     နိုင်ငံအဆင့် အသည်းရောဂါစီမံကိန်းကို ယခုနှစ်အတွင်း စတင်နိုင်ရန် လုပ်ဆောင်နေပြီး နိုင်ငံ့လူဦးရေ၏ ၆ ဒသမ ၅ ရာခိုင်နှုန်းမှာ အသည်းရောင်အသားဝါ 'ဘီ' ပိုး ကူးစက် ခံထားရကြောင်း အသည်းဖောင်ဒေးရှင်းမှ သိရသည်။

“နိုင်ငံအဆင့် အသည်းရောဂါစီမံကိန်းတစ်ခု စတင်နိုင်ဖို့ဆိုရင် ဒီနိုင်ငံမှာ အသည်းရောဂါက ကျန်းမာရေးပြဿနာတစ်ခုအဖြစ် ရှိနေပြီလားဆိုတာ အရင်စမ်းသပ်မှုတွေလုပ်ရတယ်။ ကမ္ဘာမှာ အသည်းရောင်ရောဂါ ဘီနဲ့စီက သန်း ၄၀၀ ကျော်တဲ့ လူဦးရေမှာ ရှိနေတယ်။ ၁ ဒသမ ၅ သန်းလောက်က ဘီနဲ့စီကြောင့် နှစ်စဉ် သေဆုံးနေရတယ်။ ဒါကြောင့် ကမ္ဘာ့နိုင်ငံတိုင်းက အစိုးရတွေက အသည်းရောဂါစီမံကိန်းတွေကို အကောင်အထည် ဖော်သင့်တယ်လို့ ပြောထားတယ်။ ဒီလိုစီမံကိန်းတွေရှိမှ ရောဂါရှိတဲ့သူတွေ အခမဲ့ကာကွယ်တာ၊ ကုသတာမျိုးတွေ ရနိုင်မယ်။ အခု မြန်မာနိုင်ငံမှာ ငှက်ဖျားစီမံကိန်း၊ အိပ်ခ်ျအိုင်ဗွီ စီမံကိန်းဆိုတာတွေရှိတော့ ရောဂါကာကွယ်တာတွေ၊ ကုသတာတွေအတွက် အထောက်အကူတွေရပြီး လူနာတွေကို အခမဲ့ကုသတာမျိုးတွေ လုပ်ပေးနိုင်တယ်။ ဒါကြောင့်  အခု အသည်းရောဂါ စီမံကိန်းကိုလည်း ဒီနှစ်အတွင်းမှာ စတင်နိုင်ဖို့အတွက် လုပ်ဆောင်နေပါတယ်” ဟု အသည်းဖောင်ဒေးရှင်းမှ ဒေါက်တာခင်ပြုံးကြည်က ပြောကြားသည်။

ဆိုင်ကယ်နှင့်ကားတိုက်မိ၍ တစ်ဦးဒဏ်ရာရ၊ မော်တော်ယာဉ် နေအိမ်အတွင်းထိုးဝင်


ဆိုင်ကယ်နှင့်ကားတိုက်မိ၍ တစ်ဦးဒဏ်ရာရ၊ မော်တော်ယာဉ် နေအိမ်အတွင်းထိုးဝင်




မော်လမြိုင်၊ ဇွန် ၁၉

မော်လမြိုင်မြို့၊ မြေနီကုန်းရပ်ကွက်၊ မြို့ရှောင်လမ်းတွင် ဇွန်လ ၁၉ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်က ဆိုင်ကယ်နှင့် ကားတိုက်မိရာမှ ဒေါ်တင်မမ နေအိမ်ကို ကားဝင်တိုက်မိခဲ့ကြောင်း အဆိုပါ ရပ်ကွက်ဒေသခံများက ပြောကြားသည်။

ဝနဲ့ NDAA မိုင်းလားတပ်ဖွဲ့က ကိုယ်စားလှယ်တွေ ၂၁ ရာစု ပင်လုံညီလာခံကျင်းပရေး ကြိုတင်ညှိနှိုင်းဆွေးနွေးပွဲကို တက်ရောက်မည်


ဝနဲ့ NDAA မိုင်းလားတပ်ဖွဲ့က ကိုယ်စားလှယ်တွေ ၂၁ ရာစု ပင်လုံညီလာခံကျင်းပရေး ကြိုတင်ညှိနှိုင်းဆွေးနွေးပွဲကို တက်ရောက်မည်





၂၁ ရာစု ပင်လုံညီလာခံ အကြိုပြင်ဆင်ရေးကော်မတီ ဥက္ကဋ္ဌ ဒေါက်တာ တင်မျိုးဝင်း ဦးဆောင်တဲ့အဖွဲ့ကို ဇွန်လ ၃ ရက်နေ့က ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ တွေ့ရစဉ်။ Photo: RFA
၂၁ ရာစု ပင်လုံညီလာခံကျင်းပရေးအတွက် ကြိုတင်ညှိနှိုင်းတဲ့ မူဘောင်ဆွေးနွေးပွဲတွေကို UWSA "ဝ"ပြည် သွေးစည်းညီညွတ်ရေးတပ်မတော်နဲ့ NDAA မိုင်းလားတပ်ဖွဲ့က ကိုယ်စားလှယ်အဖွဲ့တွေ တက်ရောက်ဖို့ သဘောတူလိုက်ပါတယ်။

ရခိုင်ပြည်နယ်ကမူဆလင်ဟု ပြောင်းလဲ ခေါ်ဆိုခြင်းကြောင့် ပြဿဿ နာ မပြေလည်နိုင်

ရခိုင်ပြည်နယ်ကမူဆလင်ဟု ပြောင်းလဲ ခေါ်ဆိုခြင်းကြောင့် ပြဿဿ နာ မပြေလည်နိုင်

     လူမှု အသိုင်းအ၀ိုင်း နှစ်ဘက်ကြား အဆင်ပြေပြီး အပြန်အလှန် ယုံကြည်မှုရဖို့ “ရခိုင်ပြည်နယ်က မူဆလင်အသိုင်းအ၀ိုင်း”လို့ သုံးနှုန်းပြောဆိုဖို့ မြန်မာအစိုးရက ကုလသမဂ္ဂမှာ တရားဝင် ပြောကြား လိုက်တာဟာ ပြဿနာကို အမှန်တကယ် ပြေလည်အောင် ဖြေရှင်း နိုင်မယ့် နည်းလမ်း မဟုတ်ဘူး လို့ နှစ်ဘက် အသိုင်းအဝိုင်းက ပြောဆိုလိုက်ပါတယ်။ ရခိုင်ပြည်နယ်တွင်းက တင်းမာနေဆဲ ဘာသာရေး အသွင်ဆောင် လူမျိုးရေး ပဋိပက္ခတွေဖြစ်ရတာဟာ အခွင့်အရေး တန်းတူမရတဲ့ မညီမျှမှုတွေနဲ့ အခြေခံလူ့အခွင့်အရေး ဆုံးရှုံးမှုတွေကြောင့် ဖြစ်တယ်လို့လည်း ထောက်ပြကြပါတယ်။ အပြည့်အစုံ မဆုမွန် က စုစည်း တင်ပြထားပါတယ်။

မစ္စ ရန်ဟီးလီ ဗုဒ္ဓဟူးနေ့ ရခိုင်ကို သွားမယ်

    မြန်မာနိုင်ငံ လူ့အခွင့်အရေး ဆိုင်ရာ ကုလသမဂ္ဂရဲ့ အထူးကိုယ်စားလှယ် မစ္စ ရန်ဟီလီဟာ လာမယ့် ဗုဒ္ဓဟူး နေ့ ဇွန်လ ၂၂ ရက် မှာ ရခိုင်ပြည်နယ်ကို လာရောက်မှာ ဖြစ်တယ်လို့ ရခိုင် ပြည်နယ် အုပ်ချုပ်ရေး အာဏာပိုင် တစ်ဦးက ဘီဘီစီကို အတည်ပြု ပါတယ်။
    ခရီးစဉ်ရဲ့ အသေးစိတ် အချက်အလက်တွေကို မသိရ သေးပေမယ့် မစ္စ ရန်ဟီလီ သွားရောက် လိုတဲ့ နေရာတွေ မှန်သမျှ လိုက်လံ ပြသမယ်လို့ ပြည်နယ်ရဲ့ အထွေထွေ အုပ်ချုပ်ရေးမှူး ဦးတင်မောင်ဆွေက ပြောပါတယ်။

Lenovo မှ ကွေးနိုင်တဲ့ ဖုန်းနဲ့ တက်ဘလတ်များထုတ်လုပ်မည်

Lenovo မှ ကွေးနိုင်တဲ့ ဖုန်းနဲ့ တက်ဘလတ်များထုတ်လုပ်မည်

      နည်းပညာတွေ အဆင့်မြင့်တိုးတက်လာတာနဲ့ အမျှ အမျိုးမျိုးသော မိုဘိုင်းဖုန်းနဲ့ တက်ဘလက် Company တွေကလည်း မြောက်များစွာတော့ ကွေးနိုင်တဲ့ မိုဘိုင်းဖုန်းနဲ့ တက်ဘလတ်များကို ထုတ်လုပ်လာခဲ့ပါတယ်။ အရင်က LG ကပထမဦးစွာ ကွေးနိုင်တဲ့ ဖုန်းနဲ့ တက်ဘလတ်များကို ထုတ်လုပ်လာခဲ့ပေမဲ့ လက်ရှိအချိန်မှာတော့ Lenovo ကလည်းသူတို့ရဲ့ဖုန်းနဲ့တက်ဘလတ်များကိုကွေးနိုင်ဆန့်နိုင်အောင်တီထွင်ဆန်းသစ်လာခဲ့ပြီဖြစ်ပါတယ်။

ယခုတစ်ပတ်အတွက် ရေပန်းအစားဆုံးစမတ်ဖုန်းဆယ်လုံး

ယခုတစ်ပတ်အတွက် ရေပန်းအစားဆုံးစမတ်ဖုန်းဆယ်လုံး …

အပတ်စဉ်ဖော်ပြပေးလျက်ရှိတဲ့ gsmarena.com ရဲ့စစ်တမ်းအရ တစ်ပတ်အတွင်း ရေပန်းအစားဆုံးစမတ်ဖုန်းများစာရင်းကို ဖော်ပြပေးလိုက်ရပါတယ်။ OnePlus 3 ဟာယခင်တစ်ပတ်က နံပါတ်တစ်ဆယ်နေရာအဖြစ် ပထမဆုံးပွဲထွက်ခဲ့ပေမဲ့ ယခုတစ်ပတ်မှာ ထိပ်ဆုံးနံပါတ်တစ်ကို ခုန်တက်လာပါတယ်။ gsmarena.com မှာပြီးခဲ့သောခုနှစ်ရက်အတွင်းက ရရှိသော database အရ ရေပန်းအစားဆုံးစမတ်ဖုန်း ဖြစ်လာပါတယ်။ 5.5 လက်မရှိသောမျက်နှာပြင်၊ Optic AMOLED touchscreen၊ 6GB RAM နှင့် သင့်လျော်သောဈေးနှုန်းတို့ကြောင့် လူစိတ်ဝင်စားများမှုကို ရရှိခဲ့တာဖြစ်ပါတယ်။