Wednesday, June 22, 2016

MPT ၏ နံပါတ်အဟောင်းမှ နံပါတ်အသစ်သို့ပြောင်းသူများ ၂၀၁၇ ဇူလိုင်အထိ Call Forward အခမဲ့ သုံးနိုင်မည် ဟုဆို

MPT ၏ နံပါတ်အဟောင်းမှ နံပါတ်အသစ်သို့ပြောင်းသူများ ၂၀၁၇ ဇူလိုင်အထိ Call Forward အခမဲ့ သုံးနိုင်မည် ဟုဆို

  MPT မှ ဖုန်းနံပါတ်အချို့ကိုပြောင်းလဲမည်ဖြစ်ရာ နံပါတ်ဟောင်းမှ နံပါတ်အသစ်သို့ပြောင်းသူများ ၂၀၁၇ ဇူလိုင် အထိ Call Forward အခမဲ့ အသုံးပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် ရေနံချောင်းစက်မှုဇုန် အိတ်ချိန်းနယ်မြေအတွင်း အော်တိုတယ်လီဖုန်းများအား ခေတ်မီ အိတ်ချိန်းစက်များနှင့် ပြောင်းလဲမည်ဖြစ်ရာ ယင်းဖုန်းများ အခမဲ့အသုံးပြုနိုင်မည်ဖြစ်သည်။ အဆိုပါနံပါတ် အဟောင်းမှ နံပါတ်အသစ်သို့ ပြောင်းလဲနေစဉ်ကာလအတွင်း MPT ၏ ၀န်ဆောင်မှု Call Forward ကို ၂၀၁၇ ဇူလိုင်လကုန်အထိ အခမဲ့ပေးထားမည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သိရသည်။ Call Forwarding ၀န်ဆောင်မှုမှာ လက်ခံရရှိသော အ၀င်ခေါ်ဆိုမှုများအား အခြားနံပါတ်တစ်ခုသို့ လွှဲပြောင်းပေးနိုင်သည့် ၀န်ဆောင်မှုဖြစ်သည်။

မြန်မာနိုင်ငံ၌ Viber အသုံးပြုသူ ၂၆ သန်းရှိ


မြန်မာနိုင်ငံ၌ Viber အသုံးပြုသူ ၂၆ သန်းရှိ

မြန်မာနိုင်ငံတွင် Viber အသုံးပြုသူပေါင်း ၂၆ သန်းသို့ရောက်ရှိခဲ့ပြီဖြစ်ကြောင်း Viber က သတင်း ထုတ်ပြန်လိုက်သည်။
Viber အသုံးပြုသူ တိုးတက်မှုနှုန်းသည် ၂၀၁၅ ခုနှစ် ဇွန်လနှင့် နှိုင်းယှဉ်ပါက တစ်နှစ်တာအတွင်း ၂၀၀ ရာခိုင်နှုန်း မြင့်တက်လာခဲ့ခြင်းလည်း ဖြစ်သည်။ ၂၀၁၅ ခုနှစ်တွင် အသုံးပြုသူအရေအတွက် ၁၃ သန်း သာရှိခဲ့သော Viber သည် တစ်နှစ်တာအတွင်း မြန်မာနိုင်ငံ၌ အသုံးပြုသူ အမြောက်အမြားကို ပိုင်ဆိုင်ခဲ့ခြင်း ဖြစ်သည်

ပါးစပ်ကို တိပ်ဖြင့်ပတ်ကာ ဒဏ်ရာများဖြင့် သေဆုံးနေသည့် ယာဉ်မောင်းကို BE တပ်ရှေ့တွင် တွေ့ရှိ

ပါးစပ်ကို တိပ်ဖြင့်ပတ်ကာ ဒဏ်ရာများဖြင့် သေဆုံးနေသည့် ယာဉ်မောင်းကို BE တပ်ရှေ့တွင် တွေ့ရှိ

    မင်္ဂလာဒုံမြို့နယ် ပြည်လမ်းဘေးရှိ အမှတ် (၉၈) BE တပ်ရှေ့တွင် ဇွန်လ ၁၉ ရက် နံနက် ၈ နာရီခွဲက အငှားယာဉ်တစ်စီးပေါ် ပါးစပ်တိပ်ဖြင့်ပတ်လျက် ရင်ညွန့်ထိုးသွင်းဒဏ်ရာများဖြင့် သေဆုံးနေသော အသက် ၅၀ ကျော်အရွယ် အငှားယာဉ်မောင်း အမျိုးသားတစ်ဦး၏ အလောင်းကို တွေ့ရှိခဲ့ကြောင်း ယင်းမြို့နယ် ရဲတပ်ဖွဲ့ထံမှ သိရှိရသည်။

ကွမ်း ခုတ်ရာမလွဲစေဖို့

ကွမ်း ခုတ်ရာမလွဲစေဖို့

   အစိုးရသစ်၏ ကွမ်းနှိမ်နှင်းရေးက ခြေလှမ်းပင် မစသေး ဝေဖန်သံတို့ ပွက်လောရိုက်လာသဖြင့် နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ပင် မနေသာ ကြားဝင်ရပြီ ဖြစ်သည်။ ကွမ်းပြဿနာကို အဓမ္မ မဖြေရှင်းရန် ဒေါ်အောင်ဆန်းစုကြည်က တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများသို ညွှန်ကြားချက် ထုတ်ပြန်လိုက်သည်

  အသက်အငယ်ဆုံး ဝန်ကြီးချုပ် ဦးဆောင်သည့် ကယားက စသည်။
ကွမ်းယာဆိုင်များ ပိတ်သိမ်းရန် ကယားပြည်နယ် အစိုးရက စီစဉ်ဆောင်ရွက်နေမှုအပေါ် လုပ်ကိုင်ပုံ နည်းလမ်းမကျဟု ဆိုကာ ကန့်ကွက်သံများ ထွက်ပေါ်လာပြီး ယင်းသို့ အဓမ္မ မဖြေရှင်းရန် ကြားဝင်ဟန့်တားရခြင်း ဖြစ်သည်။
ရက်တစ်ရာ မပြည့်သေးသည့် အစိုးရသစ်မှာ လုပ်ပုံကိုင်ပုံ နည်းနာများကို လူထုအသံ နားစွင့်ရင်း ခပ်ဆဆ ကိုင်တွယ်နေဟန် ရှိသည်။

ဓမ္မစေတီခေါင်းလောင်းနှင့် နဂါးကြီး ပြန်လာပြီ

ဓမ္မစေတီခေါင်းလောင်းနှင့် နဂါးကြီး ပြန်လာပြီ

  
    နတ်နဂါးများ၏ အကူအညီနှင့် ဟုဆိုကာ ဓမ္မစေတီခေါင်းလောင်း ကို ရှာဖွေခဲ့ဖူးသော ဦးစံလင်းသည် ရန်ကုန်တိုင်းဒေသကြီး အစိုးရအ ဖွဲ့၏ ခွင့်ပြုချက်ရပါက အဆိုပါ ခေါင်းလောင်းကို လာမည့်သြဂုတ် လအတွင်း ကုန်းပေါ်အရောက် တင်မည်ဖြစ်ကြောင်း ဇွန် ၂၁ ရက် နေ့ က စီးတီးစတားဟိုတယ်တွင် ပြုလုပ်သော သတင်းစာရှင်းလင်း ပွဲအတွင်း ထပ်မံပြောဆိုလိုက်သည်။
၎င်းအနေဖြင့် ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့အား ခေါင်း လောင်းဆယ်ယူခွင့်အတွက် မေလ ၆ ရက်နေ့တွင် စာတင်ခဲ့ပြီး မိုးရာ သီဖြစ်နေသောကြောင့် ခွင့်မပြုနိုင် ပါကြောင်း အစိုးရအဖွဲ့က စာပြန် လာခဲ့သည့်အတွက် ဇွန်လ ၆ ရက် နေ့တွင် ထပ်မံ၍စာတင် ထားကြောင်း ဦးစံလင်းက ပြောသည်။

အင်းစိန် GTI ကျောင်း ပြန်ရလျှင် သင်တန်းများ ပြန်လည်ဖွင့်လှစ်သင်ကြားပေးသွားမည်

အင်းစိန် GTI ကျောင်း ပြန်ရလျှင် သင်တန်းများ ပြန်လည်ဖွင့်လှစ်သင်ကြားပေးသွားမည်

    
 ရန်ကုန်၊ ဇွန် ၁ဝ
     အင်းစိန် GTI ကျောင်းအားပြန်ရလျှင် ပြင်ဆင်စရာရှိသည်များကို ပြင်ဆင်ကာသင်တန်းများ ပြန်လည်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန (သိပ္ပံနှင့် နည်းပညာ)မှ ပြောရေးဆိုခွင့်ရှိသူ ဦးကျော်စွာစိုးက ဆိုသည်။
”ဘာသာရပ်တွေက အများကြီးဆိုတော့ ကျွန်တော်တို့ဘက်က ဖွင့်လို့ရသလောက်တော့ ဖွင့်သွားမှာပါ။ လက်ရှိမှာ နိုင်ငံတော်အစိုးရအဖွဲ့ကို ဒီကျောင်းကြီးကို ပြန်ရဖို့တင်ပြထားပါတယ်။ သူတို့ဘက်ကလည်း သဘောတူထားတဲ့ အနေအထားမှာတော့ ရှိနေပါပြီ” ဟု ၎င်းကဆိုသည်။

ခရိုနီများ၏ကမ်းလှမ်းမှုကို ပယ်ချနေခြင်းကြောင့် မကွေးတိုင်းဝန်ကြီးချုပ် ခြိမ်းခြောက်ခံနေရခြင်းဖြစ်သည် ဟုဆို

ခရိုနီများ၏ကမ်းလှမ်းမှုကို ပယ်ချနေခြင်းကြောင့် မကွေးတိုင်းဝန်ကြီးချုပ် ခြိမ်းခြောက်ခံနေရခြင်းဖြစ်သည် ဟုဆို

       
      မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ်  ခြိမ်း ခြောက်ခံနေရခြင်းသည် ခရိုနီများ၏ တွေ့ဆုံဆွေးနွေးလိုသည့် ကမ်းလှမ်းမှုကို လက်မခံဘဲ ပယ်ချနေသည့်အတွက်ကြောင့် ဟု ဝန်ကြီးချုပ်၏ မဲဆန္ဒနယ်မှ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်းက Popular News  ကို ပြောသည်။
မကွေးမြို့ ဗိုလ်ချုပ်ပန်းခြံအနီးနှင့် ဗိုလ်ချုပ်လမ်းမဝန်းကျင်တွင် ဇွန်လ ၁၂ ရက်နေ့က ဝန်ကြီးချုပ်နှင့် ၄င်း၏ကိုယ်ရေး အရာရှိအား ကန့်ကွက်ဆန္ဒပြကြရန် လှုံ့ ဆော်သည့်စာရွက်များ ကြဲချထားခြင်းနှင့် ကပ်ထားမှုများရှိခဲ့သည့်အပြင် တိုင်းဝန်ကြီး ချုပ် ဒေါက်တာအောင် မိုးညိုကိုယ်တိုင် ဇွန်လ ၂ဝရက်နေ့ကကျင်းပသည့် ဒုတိယ အကြိမ် မကွေးတိုင်းလွှတ်တော် ဒုတိယ ပုံမှန်အစည်းအဝေး ပထမနေ့၌ ခြိမ်းခြောက် ခံရပုံများကိုမဖော်ပြဘဲ ၄င်းနှင့် ၄င်း၏ကိုယ်ရေး အရာရှိတို့ အသက်အန္တရာယ်ရှိနိုင်သည်အထိ ခြိမ်းခြောက်နေမှုများ ရှိနေကြောင်း ထုတ် ဖော်ပြောဆိုခဲ့မှုအပေါ် ဦးထွန်းထွန်းက အထက်ပါအတိုင်းပြောဆိုခဲ့ခြင်းဖြစ်သည်။