Wednesday, April 9, 2014

တစ်ပတ်နွမ်း အဝတ် အထည် ဈေးကွက် ပိုမို အရောင်း အဝယ်သွက်

ရန်ကုန်မြို့ ဆူးလေဘုရား အနီးတစ်ဝိုက်ရှိ တစ်ပတ်နွမ်း အဝတ်အထည် အရောင်းအဝယ်ဈေးကွက်မှာ ပို၍ အရောင်းအဝယ် ကောင်းမွန်လာပြီး ဝယ်ယူသူများ ပိုမိုများပြားလာကြောင်း
တစ်ပတ်နွမ်း အဝတ်အထည် အရောင်းအဝယ် ဈေးကွက်အတွင်းက သိရသည်။ နွေရာသီအပူချိန် မြင့်မားလျက်ရှိသော်လည်း တစ်ပတ်နွမ်း အဝတ်အထည် အရောင်းအဝယ် ဈေးကွက်အတွင်း အချိန်အခါမဟုတ် အနွေးထည်များမှာလည်း အရောင်း အဝယ်ကောင်းမွန်နေကြောင်း ထိုသို့ အရောင်းအဝယ် ကောင်းမွန်နေခြင်းမှာ သင်္ကြန်ရေ ကစားရက်များ ကြောင့်ဖြစ်သည်။
သင်္ကြန်ပွဲတော် ရေကစားရက်များတွင် အဝတ်အထည်အကောင်းများ ဝတ်ဆင်ပါက နေဒဏ်၊ ရေဒဏ် ကြောင့် အဝတ်အစားများ ပျက်စီးတတ်ခြင်းကြောင့် တစ်ပတ်နွမ်း အဝတ်အထည်များကို တစ်ခါသုံးပုံစံမျိုး ဖြင့် ဝယ်ယူ ဝတ်ဆင်လာခြင်းလည်း ဖြစ်ကြောင်း ဝယ်ယူသူများထံက သိရသည်။ တစ်ပတ်နွမ်းအဝတ် အထည် ဈေးကွက်အတွင်း ရှပ်အင်္ကျီတစ်ထည်လျှင် ငွေကျပ် တစ်ထောင်မှ သုံးထောင်အတွင်း စပို့ရှပ် တစ် ထည်လျှင် ငွေကျပ် တစ်ထောင်မှ နှစ်ထောင်ငါးရာအတွင်း တီရှပ် အင်္ကျီတစ်ထည်လျှင် ငွေကျပ်တစ်ထောင် ငါးရာဝန်းကျင်ရှိပြီး အနွေးထည် တစ်ထည်လျှင် ငွေကျပ်သုံးထောင်မှ ရှစ်ထောင်နှင့် ဘောင်းဘီတစ်ထည် လျှင် ငွေကျပ်သုံးထောင်မှ ငါးထောင်အထိ ရှိကြောင်း သိရသည်။

 

banner

Related Posts:

0 comments: